BBC News, မြန်မာ - ပင်မစာမျက်နှာ

ထိပ်တန်း သတင်းများ

ဘီဘီစီရေဒီယို၊ ရုပ်သံအစီအစဥ်တွေကို ဂြိုဟ်တုကဖမ်းယူနိုင်ပြီ

နေ့စဥ်တိုက်ရိုက်ထုတ်လွှင့်မှုများကို မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများမှ ဖမ်းယူကြည့်ရှုနိုင်ပါပြီ

ဒေတာ ချွေတာချင်ပါသလား။

ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

အထူးစာမျက်နှာ

မြန်မာငလျင် သတင်းနဲ့ဆောင်းပါးများစုစည်းမှု

  • မန္တလေးတိုင်း၊ ဧရာဝတီမြစ်အနီးက ဆင်ခြေဖုံးရွာတစ်ခုမှာ ဘိလပ်မြေသယ်ယူနေတဲ့ မြင်ကွင်းတွေ (ပုံဟောင်း)

    ဘိလပ်မြေ ငွေရှိတိုင်းဝယ်မရ

    စစ်ကောင်စီကတော့ မေလလယ်အပြင် လာမယ့် စက်တင်ဘာလတွေမှာ ဘိလပ်မြေတန်ချိန်တွေကို တိုးပြီးထုတ်လုပ်သွားမယ်လို့ ဧပြီလနောက်ဆုံးအပတ်မှာ ကြေညာခဲ့ပေမယ့် မြေပြင်က ဝယ်လိုအားတွေကို ပြည့်မီအောင် မဆောင်ရွက်ပေးနိုင်သေးဘူးလို့ မြေပြင်မှာ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတချို့က ဘီဘီစီကို ပြောပါတယ်။

  • ငလျင်ဒဏ်သင့်ထားတဲ့ ယိုင်နဲ့နေတဲ့ အဆောက်အဦတွေဟာ မန္တလေးမြို့ထဲမှာ တော်တော်များများ ရှိနေပါတယ်။

    ငလျင်သင့် ပြိုလုနီးအဆောက်အဦတွေကို မဖြိုနိုင်သေးတဲ့ မန္တလေး

    “စက်ယန္တရားအလုံအလောက်မရှိလို့ အခု တစ်လကျော်တဲ့အထိ ဖြိုလို့မပြီးသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရှိတဲ့အင်အားထက် ပျက်စီးသွားတဲ့ အင်အားက ပိုများနေတယ်”လို့ မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက ပြောပါတယ်။

  • စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြို့တော်သစ်တည်ရာမှာပါဝင်ခဲ့တဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ

    နေပြည်တော်နဲ့ သူ့ရဲ့ဇာတ်ကောင်တွေ

    ငလျင်ကြီးလှုပ်အပြီးပျက်စီးသွားတဲ့ ရုံးနဲ့အဆောက်အအုံတွေပြန်ဆောက်ဖို့အတွက် နေပြည်တော်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီက ပြန်ဆက်သွယ်ခိုင်းတဲ့အတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တည်ဆောက်ရေးလုပ်ငန်းမှာပါခဲ့တဲ့ လုပ်ငန်းရှင်တွေကြားမှာ လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားပါတယ်။

  • ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာ ရေပြတ်တောက်တာတွေကြောင့် သောက်သုံးရေအခက်အခဲတွေ ဖြစ်နေကြပါတယ်။

    ငလျင်ကြောင့် မြေအောက်ရေကြောနဲ့ ရေ အရည် အသွေးတွေပြောင်းလဲသွား

    မန္တလေး၊ ပျော်ဘွယ်၊ နေပြည်တော်၊ ရမည်းသင်း စတဲ့ မြို့နယ်တွေမှာဆိုရင် ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ထိခိုက်ပျက်စီးသွားတဲ့ ရေတွင်းကန်တွေ ရာနဲ့ချီ ရှိနေလို့ သောက်သုံးရေနဲ့ သုံးရေအတွက် အခက်အခဲတွေဖြစ်နေကြပါတယ်။

  • အမေနဲ့သား

    ငလျင်အပြီး စစ်တပ်က အပစ်ရပ်ကြေညာပေမဲ့ အကြိမ်ကြိမ် ချိုးဖောက်တာကို တွေ့ခဲ့

    မတ်လကုန်က ၇.၇ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်လို့ အနည်းဆုံး လူ ၃၇၀၀ သေဆုံးပြီးနောက် စစ်ကောင်စီက ထိုးစစ်တွေ ရပ်ဖို့ သဘောတူခဲ့ပေမဲ့ အပစ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

  • ငလျင်ကြောင့်သေဆုံးခဲ့တဲ့ အီသန်

    မြန်မာငလျင်- လီဗာပူးအတွက် အောင်ပွဲခံခွင့်မရခဲ့တဲ့ ငလျင်သင့်ကလေးငယ် အီသန်

    မြန်မာက လီဗာပူးပရိသတ်အကြီးစားတွေထဲကမှ အမရပူရမြို့က ကလေးငယ်တစ်ဦးဟာ မတ် ၂၈ ရက် ငလျင်ကြောင့် သေဆုံးခဲ့ရပါတယ်။ သူဆုံးပါးခဲ့တာ တစ်လပြည့်ဖို့ တစ်ရက်အလိုမှာ သူကြိုက်နှစ်သက်တဲ့ လီဗာပူးအသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါကို သူမြင်ခွင့်မရခဲ့ပါဘူး။ တကယ်တော့ သူတင်မကပါဘူး။ ငလျင်ဘေးသင့်လို့ မိဘတွေ ညီအစ်ကိုမောင်နှမတွေနဲ့ သူငယ်ချင်းတွေကို ထားရစ်ခဲ့ရတဲ့ ကလေးငယ် ၁၀၀ နီးပါးရှိခဲ့ပါတယ်။

  • ဧပြီလ ဒုတိယအပတ်ထဲမှာ ချောင်းကြီးကျေးရွာ လေကြောင်းတိုက်ခံခဲ့ရပါတယ်

    ငလျင်ရော သကြင်္န်ပါ မြန်မာပြည်တွင်းစစ်ကို ယာယီမျှပင် မတားနိုင်

    အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာပဲ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီလုပ်ခဲ့တာကြောင့် လူ ၃ ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။

  • ၂၀၂၅ မတ်လက ငလျင်မတိုင်ခင်ဖြေခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ

    ငလျင်သင့် ကျောင်းသားတွေကို တက္ကသိုလ်ဝင်စာမေးပွဲ ပြန်‌ဖြေခိုင်းတာတကယ့်အဖြေလား

    ငလျင်ကြောင့် မီးသင့်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာစစ်လွှာတွေအတွက် ပြန်လည်ဖြေဆိုခိုင်းတာက ကျောင်းသား၊ကျောင်းသူတွေအတွက် တကယ့်အဖြေလား။ မီးလောင်ခဲ့တဲ့ အဖြေလွှာတွေအတွက် စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် အထက်ပါ မေးခွန်း ပေါ်လာတာဖြစ်ပါတယ်။

  • မန္တလေးက ငလျင် တိမ်းစောင်း အဆောက်အဦတစ်ခုရှေ့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့၊ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေတဲ့ ဦးအာကာမင်းစိုး၊ ငလျင်ဒဏ်သင့် မန်း မြို့ရိုးမုခ် တစ်ခုနဲ့ ကျုံးတစ်ဖက်ကမ်းမှာ လမ်းလျှောက်နေတဲ့ သံဃာတော် တစ်ပါး၊ မန္တလေးမြို့က ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ရွှေဘုန်းရှိန်ဗလီ စတာတွေကို အဖြူရောင်နဲ့ အနီရောင် နောက်ခံတဲ့ ပြုပြင်ထားတဲ့ ပေါင်းစပ်ဓာတ်ပုံ

    မြန်မာငလျင် - မသန်စွမ်းအသစ်တွေနဲ့ အသံမဲ့မေ့လျော့ခံများ

    ငလျင်ဘေးကြောင့် အပြိုအပျက်တွေကြား ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးရသူ ရာဂဏန်းနီးပါးရှိပါတယ်။ ငလျင်သင့်လို့ မသန်းစွမ်းသူ အသစ်ဖြစ်လာတဲ့အထဲ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စင်္ကြာတောင်ဗလီထဲမှာ ဗလီတက်နေတဲ့ ဦးအာကာမင်းစိုး လည်းပါခဲ့ပါတယ်။ အကောင်းပကတိကနေ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ သူ့မှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်ခံစားနေရပါတယ်။

  • ငလျင်ကြောင့်ပျက်စီးသွားတဲ့ မန္တလေးက အဆောက်အဦတစ်လုံး

    မြန်မာငလျင် - ငလျင်သင့်တဲ့ အိမ်တွေမှာပဲ လူလေးသိန်းကျော် ပြန်နေ

    ငလျင်ဘေးသင့်ခဲ့ပေမဲ့ နေလို့ရတယ်ဆိုပြီး ကိုယ့်အိမ်မှာ ဆက်နေထိုင်သူ လေးသိန်းကျော် ၄၂၁၃၁၁ ရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန က ထုတ်ပြန်ပါတယ်။

  • မန္တလေးမှာ ဧပြီလ ၃ ရက်တုန်းက အကူအညီအတွက် တန်းစီနေကြသူတွေ

    စစ်ဘေးနဲ့ ငလျင်ဘေးသင့် မြန်မာလူထု သန်း ၂၀ အတွက် အကူအညီတွေဘယ်လိုရမလဲ

    သန်းနဲ့ချီတဲ့ လူဦးရေအတွက် စစ်ဘေးနဲ့ ငလျင်ဘေးကြားမှာ ရေရှည်ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်နိုင်ကြဖို့ဆိုရင် စစ်ကောင်စီဘက်က ဖြေလျော့မှုတွေ လုပ်ဖို့လိုတယ်လို့ ကုလယန္တရားအောက် အလုပ်လုပ်နေသူ ကွင်းဆင်းအရာရှိတစ်ဦးက ရှင်းပြပါတယ်။

  • ငလျင်သင့် နေပြည်တော်အပြိုအပျက် သရုပ်ဖော်ပုံ

    ငလျင်ကြီးလှုပ်ချိန်နေပြည်တော်မှာဘာဖြစ်ခဲ့လဲ

    နေပြည်တော်တည်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဟောင်းဦးသိန်းစိန်နဲ့ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ငလျင်ဒဏ်ခံစားခဲ့ရပြီး NLD အစိုးရအဖွဲ့ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်လည်း အချုပ်ထဲကနေ ငလျင်ကို ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတအိမ်တော်၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စစ်ရုံးနဲ့ ဝန်ကြီးဌာနတွေကနေ ဝန်ထမ်းအိမ်ရာတွေအထိ နေပြည်တော်ဟာ အပျက်အစီးများခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။

မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။

နားဆင်ကြည့်ရှုရန်

ဆောင်းပါး

မြန်မာ့ရေးရာ

နိုင်ငံတကာ

ဗီဒီယို သတင်းများ

ဘီဘီစီမြန်မာ သတင်းများကို ဆိုရှယ်မီဒီယာမှာ ရယူနိုင်ပါပြီ။

အဖတ်များနေသော သတင်းဆောင်းပါးများ

ပူးတွဲဝန်ဆောင်မှုများ