တီးတိန်ကိုလာတဲ့ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်
ချင်းပြည်နယ်၊ တီးတိန်မြို့ဆီကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဦးတည်ချီတက်လာတဲ့ စစ်ကောင်စီဘက်က အင်အားရာနဲ့ချီတဲ့ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ နှစ်ဘက်စလုံး အကျအဆုံးတွေ ရှိနေတဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒရုန်းတွေကို အဓိက အသုံးပြုလာပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေပြန်စိုးမိုးဖို့ ကြိုးစားလာတဲ့အကြောင်းကို မသူဇာလင်းက ဆက်ပြောပြပါမယ်။