မိုးရာသီအစ မိုးများနိုင်ကြောင်း ပညာရှင်တွေပြော
မြန်မာနိုင်ငံကို မေ ၂၅ ရက်ကစပြီး မုတ်သုံဝင်ရောက်နေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ မုတ်သုံဝင်ဝင်ချင်းမှာပဲ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးများနိုင်တယ်လို့လည်း မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။ သုံးနှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြီး နှစ်ခုဒဏ်ကို ခံထားရတဲ့ မြန်မာမှာ အခုမုတ်သုံကာလစစချင်းမှာပဲ မိုးကြီး ရေလျှံမှုတွေ ကြုံနေရပါတယ်။ ဒီအကြောင်း ကိုမောင် ပြောပြမှာပါ။