ရောမခေတ်က လူနဲ့ သားရိုင်းတိရစ္ဆာန်တွေ တိုက်ခိုက်ခိုင်းခဲ့
ရောမခေတ်က ဂလက်ဒီယေတာ တယောက်ရဲ့ အရိုးစုမှာ သွားကိုက်ရာတွေ တွေ့ရတာက အဲဒီ ရောမခေတ်က လူသားနဲ့ ခြင်္သေ့ တွေကို တိုက်ခိုက်ခိုင်းတဲ့ပွဲတွေ ရှိခဲ့ဖူးတယ် ဆိုတဲ့ ပထမဆုံး အထောက်အထား ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲ့ဒီ လူ့အရိုးစုကို ၂၀၀၄ ခုနှစ်အတွင်းက ယော့ခ် မြို့အနီးမှာ တွေ့ခဲ့တာဖြစ်ပြီး အဲဒီမှာ ပါလာတဲ့ ကိုက်ရာတွေကို လေ့လာနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအရိုးစုက ရောမခေတ် ဗြိတိန်မှာ ဒီလို သွေးထွက်သံယို တိုက်ခိုက်ပွဲတွေကို ကြည့်ကြတယ်ဆိုတဲ့ အထောက်အထား တခုပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘီဘီစီရဲ့ သိပ္ပံရေးရာ သတင်းထောက် ဗစ်တိုးရီးယား ဂေးလ်ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။