ငလျင်သင့် လုပ်ငန်းတွေကို စစ်ကောင်စီ ငွေချေးမယ်
ငလျင်ဘေးသင့်ဒေသက စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးဖို့အတွက် ကျပ်ဘီလျံ ၇၀၀ မတည်ပြီး အတိုးနှုန်းသက်သက်သာသာနဲ့ ထုတ်ချေးပေးမယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ငလျင်အလွန် စီးပွားရေးပြန်လည်ကုစားခြင်း ဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။ ငလျင်အလွန်ကာလမှာ စစ်ကိုင်း၊ မန္တလေးစတဲ့ ငလျင်ဘေးသင့်ဒေသရဲ့ MSME စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေဘယ်လို ရှိပါသလဲ။ လုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲဆိုတာကို မသူဇာလင်းက ပြောပြမှာပါ။