နိုင်ငံတကာ ဥပဒေ ယူကရိန်း ချိုးဖောက်တယ်လို့ ကုလသမဂ္ဂပြော

ဗီဒီယို ပုံစာ, ရုရှားနဲ့ပူးပေါင်းတယ်ဆိုပြီး ပြည်သူတွေအပေါ် ယူကရိန်းအစိုးရစွပ်စွဲအရေးယူနေမှု ကုလသမဂ္ဂဝေဖန်
နိုင်ငံတကာ ဥပဒေ ယူကရိန်း ချိုးဖောက်တယ်လို့ ကုလသမဂ္ဂပြော

ရုရှားနဲ့ ပူးပေါင်းတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ယူကရိန်းပြည်သူတွေအပေါ် ယူကရိန်းအစိုးရရဲ့ အပြစ်ပေး အရေးယူနေပုံတွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာကျနေတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။ ယူကရိန်းစစ်ပွဲကြီး စဖြစ်ပွားခဲ့ချိန်ကတည်းကစလို့ စစ်ရေးလျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုကအစ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုက တရားမျှတတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ထုတ်ဖော်ရေးသားခဲ့မှုအဆုံး စွဲချက်အသီးသီးနဲ့ ပြစ်မှုထင်ရှားသူပေါင်း တစ်ထောင့်ရှစ်ရာ လောက် ရှိခဲ့ပါတယ်။ ကြီးလေးတဲ့ အမှုတွေနဲ့ ပြစ်မှုထင်ရှားခဲ့သူ အများစုဟာ မျက်ကွယ်မှာ စီရင်ဆုံးဖြတ် ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ရုရှားရဲ့ သိမ်းပိုက်မှုအောက်မှာ ဥပဒေ မချိုးဖောက်ဘဲ ဆက်လက်နေထိုင် လှုပ်ရှားနေကြတဲ့ ယူကရိန်းပြည်သူတွေ မဟုတ်မမှန် စွပ်စွဲ အရေးယူခံရလေ့ ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရုရှားနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွဲချက်နဲ့ ပြစ်မှုထင်ရှားခံခဲ့ရသူ အကျဉ်းသားတစ်ဦးကို ယူကရိန်းအရှေ့ပိုင်းက အကျဉ်းထောင်တစ်ခုမှာ သွားရောက် တွေ့ဆုံခွင့်ရခဲ့သူ ယူကရိန်းအရေးဆိုင်ရာ ဘီဘီစီသတင်းထောက် ဂျိမ်းမ်စ် ဝေါတာဟောက်စ်ရဲ့ သတင်းပေးပို့ထားချက်ကို ကိုမင်းထက်က ပြောပြမှာပါ။