ထရမ့်နဲ့ မတ်စ်ခ် အကြား ဆက်ဆံရေး ပျက်ယွင်း

ဗီဒီယို ပုံစာ, ထရမ့်နဲ့ မတ်စ်ခ် အကြား ဆက်ဆံရေး ပျက်ယွင်း
ထရမ့်နဲ့ မတ်စ်ခ် အကြား ဆက်ဆံရေး ပျက်ယွင်း

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်ခ်တို့ အကြား ညီရင်းအစ်ကိုသဖွယ် ဆက်ဆံရေးတွေ အဆုံးသတ်ပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကမ္ဘာ့ အချမ်းသာဆုံး သူဌေးက ကမ္ဘာ့ သြဇာအကြီးဆုံး နိုင်ငံရေးခေါင်းဆောင်ရဲ့ အကြံပေးအဖြစ်ကနေ နုတ်ထွက်သွားပြီး နောက်ပိုင်းမှာ အခုလို အကွဲအပြဲတွေ ဖြစ်လာကြတာပါ။ လူမှုကွန်ရက်ပေါ်မှာ သူတို့ နှစ်ဦးအကြား စကားလုံး ခါးခါးတွေ သုံးပြီး အပြန်အလှန် ဝေဖန်ထိုးနှက် နေကြပြီ ဖြစ်ပါတယ်။ ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ အယ်ဒီတာ ဆာရာ စမစ် ပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။