ဂါဇာပြည်သူတွေ နေရပ်ပြန်

ဗီဒီယို ပုံစာ, ဂါဇာပြည်သူတွေ နေရပ်ပြန်
ဂါဇာပြည်သူတွေ နေရပ်ပြန်

၁၅ လ ကြာတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဘေးလွတ်ရာကို အကြိမ်ကြိမ် ရှောင်ပြေးခဲ့ရတဲ့ ဂါဇာက စစ်ဘေးရှောင် ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာဟာ ဂါဇာမြောက်ပိုင်းက သူတို့ နေရပ်တွေဆီကို ပြန်ဝင်လာနေကြပြီဖြစ်ပါတယ်။

ဂါဇာအပစ်ရပ် သဘောတူညီချက်နဲ့အညီ ဟားစမတ်စ်ကလည်း ဒီတပတ်ထဲမှာပဲ ဓားစာခံ ၆ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဂါဇာထဲက လူ တသန်းကျော်ကို ဂျော်ဒန်အပါအဝင် အိမ်နီးချင်း အာရပ်နိုင်ငံတွေက ခေါ်ယူနေရာပေးတာမျိုး မြင်ချင်ကြောင်းပြောကြားခဲ့တာနဲ့ ပတ်သက်လို့ အီဂျစ်က ဂါဇာက ပါလက်စတိုင်းတွေကို ရွှေ့ပြောင်းနေရာချထားမယ့် ဘယ်ကြိုးပမ်းမှုကိုမှ လက်မခံကြောင်း ပယ်ချလိုက်ပါတယ်။

မစ္စတာ ထရမ့်က ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ လုံးဝရှင်းလင်းပစ်ဖို့ စီစဉ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် လူစီ ဝီလယမ်ဆင် ဂျေရုဆလင်မြို့တော်က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။