နေတိုးတပ်ဖွဲ့တွေ ဘယ်လို လေ့ကျင့်ပြင်ဆင်
တနင်္ဂနွေနေ့က ရုရှားက လေတပ်စခန်းတွေကို ယူကရိန်းရဲ့ ဒရုန်းတွေ တိုက်ခိုက်ခဲ့တာက နည်းပညာသစ်တွေနဲ့ ဖန်တီးတီထွင်နိုင်စွမ်းတွေကြောင့် စစ်မက် ရေးရာတွေမှာ အပြောင်းအလဲတွေ လျင်လျင်မြန်မြန် ဖြစ်လာနေတာကို ပြနေပါတယ်။ ယူကေကလည်း ဒီလို အပြောင်းအလဲတွေနဲ့ အမီလိုက်ဖို့ ကြိုးစားနေပြီး ယူကေအစိုးရက စစ်အတွက် အသင့်ဖြစ်နေဖို့နဲ့ မတည်ငြိမ်မှုတွေ များနေတဲ့ ကာလမှာ တိုးလာနေတဲ့ အန္တရာယ်တွေကို တားဆီးနိုင်ဖို့ အတွက် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်မှုတွေ လုပ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဘီးလ်က အက်စတိုးနီးယားနိုင်ငံမှာ ရှိတဲ့ နေတိုးတပ်ဖွဲ့တွေ ခေတ်သစ် စစ်မက်ရေးရာတွေအတွက် ပြင်ဆင်နေကြပုံတွေကို သွားရောက်သတင်းယူခဲ့ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။