ရှရှား စစ်အောင်ပွဲ အခမ်းအနား တက်ဖို့ မြန်မာစစ်ခေါင်းဆောင် မော်စကို သွားမယ်

ဗီဒီယို ပုံစာ, ရှရှား အမျိုးသားအောင်ပွဲ စစ်ရေးပြ အခမ်းအနား တက်ရောက်ဖို့ စစ်ခေါင်းဆောင် မော်စကိုကို သွားရောက်မယ်
ရှရှား စစ်အောင်ပွဲ အခမ်းအနား တက်ဖို့ မြန်မာစစ်ခေါင်းဆောင် မော်စကို သွားမယ်

မေလ ၉ ရက်နေ့ကျရင် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် ရှရှားအမျိုးသားအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီ ခရီးစဥ်မှာ စစ်ကောင်စီ ဝန်ကြီးတချို့နဲ့ အဆင်မြင့်အရာရှိတွေလည်း လိုက်ပါသွားဖို့ ရှိနေပြီး ဒီပွဲကို တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင် တချို့နဲ့ သီးခြားတွေ့ဆုံတာတွေ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုမောင် က ပြောပြမှာပါ။