ဂါဇာကို ရိက္ခာ အနည်းငယ် ပြန်ပို့ခွင့် အစ္စရေး ခွင့်ပြု

ဗီဒီယို ပုံစာ, ဂါဇာကို ကို ရိက္ခာ အနည်းငယ် ပြန်ပို့ခွင့် အစ္စရေး ခွင့်ပြု
ဂါဇာကို ရိက္ခာ အနည်းငယ် ပြန်ပို့ခွင့် အစ္စရေး ခွင့်ပြု

ဂါဇာကို ၇၈ ရက်ကြာ ပိတ်ဆို့ထားမှုကြောင့် အငတ်ဘေး ကျရောက်နိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက သတိပေးနေချိန်မှာပဲ အစ္စရေး အစိုးရဘက်က စားနပ်ရိက္ခာ အကူအညီတွေ ပမာဏ အနည်းငယ်ကို ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြောလာပါတယ်။ အစ္စရေးက မြေပြင်ရော၊ ဝေဟင်ကနေပါ တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ၂၄ နာရီအတွင်းမှာ ကလေးတွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဂါဇာထဲကို ဘီဘီစီ သတင်းထောက်၊ ဒါမှမဟုတ် နိုင်ငံတကာ သတင်းထောက်တွေကို အစ္စရေးက ဝင်ခွင့်မပေးပါဘူး။ ဒါကြောင့် ဘီဘီစီ သတင်းထောက် လူစီ ဝီလျံဆန်က ဂျေရုဆလင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ မသီရိဇော် ပြောပြပေးထားပါတယ်။