လက်ဘနွန်မှာ အစ္စရေး စစ်ရေး အရှိန်တိုးမြှင့်
ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးဟာ ဘေရွတ်မြို့လယ်ပိုင်းမှာ အသေအပျောက်များတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
မနေ့က ညနေပိုင်းမှာ ဘေရွတ်မြို့လယ်မှာ ရှိတဲ့ လူနေ တိုက်ခန်းတွေကို အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၂ ယောက်ထက် မနည်းသေဆုံးခဲ့ရတယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် လူ ၁၁၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အပျက်အစီးတွေကို စက်ယန္တရားတွေနဲ့ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေရပါတယ်။ အစ္စရေးက ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ လက်ဘနွန်မှာ သတင်းတွေ ထွက်ပေါ်နေပြီး ဟစ်ဇ်ဘိုလာ အဖွဲ့ ထိပ်တန်း ခေါင်းဆောင်ကတော့ လေကြောင်း တိုက်ခိုက်မှုကနေ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ အဲဒီကနေ အခြေအနေတွေကို ဘီဘီစီ သတင်းထောက် ဂျိုး အင်း၀ုဒ်က သတင်းပေးပို့ထားပါတယ်။ မအေးသူစံက ပြောပြပေးမှာပါ။