ရုရှားကဝေးလံခေါင်းပါးတဲ့ပြည်နယ်တွေမှာ အဆိုးဆုံးထိခိုက်

ဗီဒီယို ပုံစာ, ရုရှားကဝေးလံခေါင်းပါးတဲ့ပြည်နယ်တွေမှာ အဆိုးဆုံးထိခိုက်

ဒီနှစ် နွေရာသီတုန်းက ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်ပြီလို့ နိုင်ငံရေးသမားတွေ ကြေညာခဲ့ကြပါတယ်။

ဒါပေမဲ့ ကူးစက်မှုက တစ်ခါထပ် ထိုးတက်လာနေပါတယ်။ ဒီတစ်ခါတော့ ဝေးလံခေါင်းပါးတဲ့ပြည်နယ်တွေမှာ အဆိုးဆုံးထိခိုက်တာပါ။

ချမ်းသာပြီး ပြည့်စုံတဲ့ မော်စကိုမြို့တော်မှာ ယာယီဆေးရုံကြီးတွေ ဖွင့်နေချိန်မှာ ကီလိုမီတာ တစ်ထောင်ကျော်အကွာ မြောက်ဘက်ပိုင်းဆေးရုံတွေမှာ လူနာထားစရာခုတင်တောင် မရှိတော့ပါဘူး။

အရေးပေါ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့တွေလည်း မနိုင်မနင်းဖြစ်နေပါတယ်။

ရုရှားနိုင်ငံ ကော့တ်လာ့စ် မြို့ကနေ ဘီဘီစီ သတင်းထောက်ပေးပို့တဲ့သတင်းကို ကိုကျော်ဇေယျက ပြောပြပေးပါမယ်။