ဂျာမနီက ကျွမ်းကျင်သူတွေ ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရကို နိုင်ငံတကာက ရှုတ်ချဝေဖန်မှုတွေ ပေါ်ထွက်လာ

ဗီဒီယို ပုံစာ, ဂျာမနီက ကျွမ်းကျင်သူတွေ ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရကို နိုင်ငံတကာက ရှုတ်ချဝေဖန်မှုတွေ ပေါ်ထွက်လာ

ရုရှားအစိုးရကို ဝေဖန်သူအဖြစ် ထင်ရှားတဲ့ အဲလက်စီ နဗားလ်နီ ဟာ ပြည်တွင်း လေယာဉ်ခရီးစဉ်အတွင်း စစ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ အဆိပ်သင့်ခဲ့တာလို့ ဂျာမနီက ကျွမ်းကျင်သူတွေ ပြောဆိုခဲ့ပြီးနောက် နိုင်ငံတကာက ရှုတ်ချဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။

မစ္စတာ နဗားလ်နီ က နိုဗီချော့ခ် ဓာတုပစ္စည်း နဲ့ ဘယ်လို ထိတွေ့ခဲ့သလဲ ဆိုတာ ရုရှားအစိုးရကသာ ရှင်းပြနိုင်လိမ့်မယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က ပြောပါတယ်။

အကြောင်းစုံကို ကိုဘိုဘို က ပြောပြပါမယ်။