ယူကေက ကမ္ဘာ့အကြီးဆုံး ရေနေတွားသွား သတ္တဝါရဲ့ ရုပ်ကြွင်း
ယူကေက သိပ္ပံပညာရှင်တွေ တွေ့ဖူးသမျှ ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ ကမ္ဘာ့အကြီးမားဆုံး ဖြစ်တဲ့ ရေနေ တွားသွား သတ္တဝါကြီး တကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီး ကို တွေ့ရှိခဲ့ကြပါတယ်။ အစ်သီယိုဆောလို့ ခေါ်တဲ့ ဒီဧရာမ သတ္တဝါကြီးဟာ ၂၅ မီတာ ဝန်းကျင် ရှည်တာကြောင့် ၂ ထပ် ဘတ်စ်ကားကြီး ၂ စင်းလောက် ကို အရှည်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၂ သန်းလောက်က နေခဲ့တဲ့ အဲဒီ အစ်သီယိုဆောကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အင်္ဂလန်က ကျောက်ဖြစ်ရုပ်ကြွင်း စုဆောင်းသူတွေက တွေ့ရှိခဲ့တာပါ။ ဂျော်ဂျီနာ ရမ်နာ့ဒ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။