ယီမင်ပြည်တွင်းစစ်နဲ့ ပြည်ပနိုင်ငံများ ပတ်သက်မှု
ယီမင်ထဲက ဟူသီတွေ ပင်လယ်နီထဲက သင်္ဘောလိုင်းတွေကို တိုက်ခိုက်မှုကြောင့် ယီမင် အတွင်းက လက်နက်ကိုင် အဖွဲ့တွေအကြားက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အရှေ့အလယ်ပိုင်း ဒေသသာ မကပဲ တခြား ပြင်ပ ဒေသတွေကိုပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ဒါပေမယ့် ယီမင် ပြည်တွင်းစစ်မှာလည်း အနောက် အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေလည်း ရှိနေပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စုကဆို ယီမင်ထဲက နိုင်ငံရေး ပစ်မှတ်တွေကို လုပ်ကြံဖို့ အမေရိကန် ကြေးစားတွေကို သုံးခဲ့သလို နောက်ပိုင်း သူတို့ရဲ့ အရာရှိတွေကိုပါ လေ့ကျင့်သင်တန်းပေးစေခဲ့တာကို ဘီဘီစီက စုံစမ်းသိရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက စပြီး သတ်ဖြတ်မှုတွေ တလှိုင်းပြီး တလှိုင်း စခဲ့တာဟာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။ နာဝါလ် အဲလ် မဂ်ဟာဖီ ပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။