စက်သုံးဆီကို စမတ်ကတ် နဲ့ ရောင်းဖို့ ပြင်ဆင်
စက်သုံးဆီကို စက်တင်ဘာ လကုန်လောက်ကစပြီး စမတ်ကတ်စနစ်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပြီလို့ စက်သုံးဆီ တင်သွင်းရောင်းချရေး အသင်းဥက္ကဋ္ဌနဲ့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူ ရောင်းချရေးကော်မတီက အတည်ပြုပါတယ်။ ဘယ်လိုပုံစံနဲ့ရောင်းချမှာလဲ။ ဆီတွေကို အကန့်အသတ်နဲ့ရောင်းမယ်ဆိုတာ ဟုတ်သလား။ ဘာကြောင့် ဒါကိုလုပ်ဆောင်တာပါလဲ။ ယာဥ်မောင်းတွေရဲ့ စိုးရိမ်ချက်တွေ ဘယ်လိုရှိပါသလဲ။ အပြည့်အစုံကို မသီရိဇော်က ပြောပြပေးမှာပါ။