လားရှိုး ကိုးကန့်တပ် စစ်သုံ့ပန်း မိသားစုတချို့ ပြန်လွှတ်
ကိုးကန့်တပ် MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကို ဒီဇင်ဘာလ ၂၆ ရက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုးကန့်တပ်နဲ့ စစ်တပ်တို့ကြား သဘောတူညီချက် မရခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ တွေ့ဆုံပွဲအပြီးမှာ ခုလို သုံ့ပန်းမိသားစုဝင်တွေကို ကိုးကန့်က ပြန်လွှတ်ပေးတာဟာ တရုတ်နိုင်ငံရဲ့ဖိအားကြောင့်လို့ ယူဆတာလည်းရှိနေပါတယ်။ ဒီသတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။