ဒေါ်နယ် ထရမ့် ရဲ့ အငြင်းပွားဖွယ်ရာ ကျန်းမာရေး ဝန်ကြီး

ဗီဒီယို ပုံစာ, ဒေါ်နယ် ထရမ့် ရဲ့ အငြင်းပွားဖွယ်ရာ ကျန်းမာရေး ဝန်ကြီး
ဒေါ်နယ် ထရမ့် ရဲ့ အငြင်းပွားဖွယ်ရာ ကျန်းမာရေး ဝန်ကြီး

အမေရိကန် နိုင်ငံမှာတော့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေး နယ်ပယ်က သူ့ကို သစ္စာခံသူတွေကို ထိပ်တန်း ရာထူးတွေ ပေးနေတဲ့အတွက် ဝါရှင်တန် နိုင်ငံရေး လောကကို ဆက်လက်ပြီး ကိုင်လှုပ်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ အစိုးရ အဖွဲ့ထဲမှာ ထိပ်တန်း အရာရှိတွေ အဖြစ် တာဝန်ယူမယ့် သူတွေထဲမှာ အခုနောက်ဆုံး အမည်စာရင်း တင်သွင်းတဲ့အခါ အငြင်းပွား ဖွယ်ရာ အဖြစ်ဆုံး၊ လူသိထင်ရှား ရှိသူ တစ်ဦးလည်း ဖြစ်တဲ့ ရောဘတ် ကနေဒီ ဂျူနီယာ လည်းပါဝင်လာပါတယ်။ သူဟာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ခဲ့သူ တစ်ယောက်ပါ။ သူ့ကို ကျန်းမာရေး ဝန်ကြီး အဖြစ် ဒေါ်နယ် ထရမ့်က အမည်စာရင်း တင်သွင်း ထားတာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ရိုဝန် ဘရစ်ဂျ် ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။