ရုရှား ပြည်သူတွေ မစ္စတာ ပူတင်ကို ဘယ်လိုသဘောထားကြသလဲ

ဗီဒီယို ပုံစာ, ရုရှား ပြည်သူတွေ မစ္စတာ ပူတင်ကို ဘယ်လိုသဘောထားကြသလဲ
ရုရှား ပြည်သူတွေ မစ္စတာ ပူတင်ကို ဘယ်လိုသဘောထားကြသလဲ

ရုရှား နိုင်ငံမှာ ၃ ရက်ကြာ ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ လုပ်ဆောင်နေပါပြီ။

မဲရလဒ်ကိုတော့ သံသယ ရှိစရာ မလိုပါဘူး။ အခုရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိမှာမဟုတ်ဘဲ ဗလာဒီမီယာ ပူတင်ကို ၅ ကြိမ်မြောက် သမ္မတ ရာထူးပေးဖို့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ အသက် ၇၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ပူတင်ဟာ ၂၀၀၀ ခုနှစ်ကတည်းက သမ္မတ တာဝန် စတင်ထမ်းဆောင်ခဲ့တာပါ။ ရုရှား အခြေခံဥပဒေ အရ သမ္မတ သက်တမ်း ၂ ကြိမ်သာ တာဝန်ထမ်းဆောင်ဖို့ ကန့်သတ်ထားတဲ့ အတွက်လည်း ဝန်ကြီးချုပ် အဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

ရုရှားမှာ မစ္စတာ ပူတင် ၂၅ နှစ်နီးပါး အုပ်ချုပ်ခဲ့ပြီးနောက်မှာ တိုင်းပြည်ထဲက လူတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ ဘီဘီစီ ရုရှား ရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။