ဂျပန်မှာ ငလျင်ကယ်ဆယ်ရေးတွေ အပူတပြင်းဆောင်ရွက်

ဗီဒီယို ပုံစာ, ဂျပန်မှာ ငလျင်ကယ်ဆယ်ရေးတွေ အပူတပြင်းဆောင်ရွက်
ဂျပန်မှာ ငလျင်ကယ်ဆယ်ရေးတွေ အပူတပြင်းဆောင်ရွက်

တနင်္လာနေ့က အင်အားပြင်း ငလျင်ကြီး လှုပ်သွားခဲ့တဲ့ ဂျပန်နိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြပါတယ်။ ငလျင်ကြောင့် သေဆုံးခဲ့ရသူ အရေအတွက်လည်း ၆၄ ယောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။ ငလျင်အင်အားပြင်းတာကြောင့် လူနေ အိုးအိမ်တွေ၊ အဆောက်အအုံတွေ၊ လမ်းတွေ ပြိုကျ ပျက်စီးခဲ့ရတဲ့ အပြင် မီးတွေလောင်တာရော မြေပြိုမှုတွေကြောင့်ပါ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့မှာ အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ငလျင်ကြောင့် အသက်မသေဘဲ ရှင်ကျန်ခဲ့သူတွေကို ရှာဖွေ ကယ်ဆယ်ရေးဟာလည်း အချိန်နဲ့အမျှအရေးကြီးနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး ဂျပန်အစိုးရက အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်နိုင်ဖို့ အတွက် လုပ်ဆောင်နေရာမှာ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ့် ဂျပန်စစ်ဘက် ဝန်ထမ်း အရေအတွက်ကိုလည်း ၂ ဆတိုးပြီး ၂၀၀၀ အထိ သတ်မှတ်လိုက်တယ်လို့ ပြောပါတယ်။

ငလျင်ဗဟိုချက် အနီး ဂျပန်မြောက်ပိုင်းက နိုတို ပြည်နယ်ထဲမှာ ရှိတဲ့ ဝါဂျီးမား မြို့ကို ရောက်သွားတဲ့ ဘီဘီစီ သတင်းထောက် ဂျီန်း မက္ကင်ဇီက အခုလို သတင်းပေးပို့ထားပါတယ်။