ဂါဇာဆေးရုံမှာ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ အလောင်းတွေတွေ့ရှိ

ဗီဒီယို ပုံစာ, ဂါဇာဆေးရုံမှာ အစုလိုက် အပြုံလိုက် မြှုတ်နှံထားတဲ့ အလောင်းတွေတွေ့ရှိ
ဂါဇာဆေးရုံမှာ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ အလောင်းတွေတွေ့ရှိ

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဂါဇာထဲက ဆေးရုံကြီး ၂ ခု ပျက်စီးနေတာတွေကို မြင်ရတာ အင်မတန် ထိတ်လန့်မိတဲ့ အကြောင်း ပြောပါတယ်။ အဲဒီမှာ လူအများအပြား မြှုပ်နှံထားတာတွေကိုလည်း တွေ့ရကြောင်း သတင်းတွေ ထွက်လာပါတယ်။ ပါလက်စတိုင်း အရာရှိတွေကတော့ အဲလ် နာဆာနဲ့ အဲလ် ရှီဖာ ဆေးရုံတွေကနေ သူတို့ ပြန်ဖော်ထားတဲ့ အလောင်း ၃၀၀ နီးပါး ရှိနေပြီ လို့ ပြောပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ အခြေအမြစ် မရှိ မသေချာတဲ့ သတင်းတွေ ဖြစ်တယ်ဆိုပြီး ငြင်းဆိုထားပါတယ်။ ဘီဘီစီ ရဲ့ အထူးသတင်းထောက် ဖာဂါလ် ကီမန်း ပေးပို့ ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။ အခု သတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။